Saturday, May 30, 2009

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည)ဆိုသည်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏အမွေကိုဆက်ခံယူထားသောပါတီဖြစ်သည်။ ပထမဦးဆုံးသောပါတီဥက္ကဌမှ ဦးသာကျော် နိုင်ငံတော်ကောင်စီဝင်(ငြိမ်း) ဖြစ်သည်။
၁၉၉၀ ပြည်လုံးကျွတ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင်စုစုပေါင်းမဲပေးသူအရေအတွက် ၁၃,၂၅၃,၆၀၆ မဲ တွင် မဲအရေတွက် ၂,၈၀၅,၅၅၉ မဲနှင့် မဲပေးသူ၏ (၂၁.၂%) မဲဆန္ဒနယ် ၄၉၂ ခုရှိရာတွင် ၁၀နေရာ၌ အနိုင်ရရှိခဲ့သည်။မြန်မာ့နိုင်ငံရေးပါတီများထဲတွင် ဒုတိယ အင်အားအကြီးမားဆုံးနိုင်ငံရေးပါတီဖြစ်သည်။